ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၃ သန်းကျော်သွားကြောင်း ထုတ်ပြန်

၂၃ ဇူလိုင်

ဥရောပတိုက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၃ သန်းကျော်ရှိကြောင်းနဲ့ အဲဒီထဲမှ တစ်ဝက်ကျော်ဟာ ရုရှား၊ ဗြိတိန်၊ စပိန်နဲ့ အီတလီနိုင်ငံမှာ တွေ့ရကြောင်း ကြာသပတေးနေ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

ဥရောပတိုက်မှာ ကပ်ရောဂါပိုးတွေ့ရှိသူ ၃,၀၀၂,၈၆၁ ဦးရှိပြီး သေဆုံးသူ ၂၀၆,၆၃၃ ဦးရှိကြောင်း သိရပါတယ်။

 

ရုရှားနိုင်ငံဟာ ဥရောပတိုက်တွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အများဆုံးဖြစ်ရာ ပိုးတွေ့ရှိသူ ၇၉၅,၀၃၈ ဦးနဲ့ သေဆုံးသူ ၁၂,၈၉၂ ဦးရှိပါတယ်။ အဲဒီနောက် ဗြိတိန်နိုင်ငံမှာ ပိုးတွေ့ရှိသူ ၂၉၆,၃၇၇ နဲ့ သေဆုံးသူ ၄၅,၅၀၁ ဦး၊ စပိန်နိုင်ငံမှာ ပိုးတွေ့ရှိသူ ၂၆၇,၅၅၁ နဲ့ သေဆုံးသူ ၂၈,၄၂၆ ဦး၊ အီတလီနိုင်ငံမှာ ပိုးတွေ့ရှိသူ ၂၄၅,၀၃၂ နဲ့ သေဆုံးသူ ၃၅,၀၈၂ ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MDN

ကိုးကား- AFP