ဥရောပစူပါလိဂ်အစီအစဉ်တွင် ပါဝင်ပတ်သက်မှုကြောင့် ဘာစီလိုနာ၊ ဂျူဗင်တပ်နဲ့ ရီးယဲလ်မက်ဒရစ်တို့ကို ယူအီးအက်ဖ်အေ တရားစွဲဆို

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)ဟာ ဘာစီလိုနာအသင်း၊ ဂျူဗင်တပ်အသင်းနဲ့ ရီးယဲလ် မက်ဒရစ်အသင်းတို့ကို ဥရောပစူပါလိဂ်အစီအစဉ်တွင် ပါဝင်ပတ်သက်ခဲ့မှုကြောင့် တရားစွဲဆိုမှုတွေ စတင် ပြုလုပ်ခဲ့ပြီ ဖြစ်ပါတယ်။

ဥရောပစူပါလိဂ်ပြိုင်ပွဲအစီအစဉ်မှာ ကနဦးက အသင်း ၁၂ သင်းအထိ ပါဝင်လာဖို့ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ အသင်းကိုးသင်းက ဥရောပစူပါလိဂ် အစီအစဉ်မှာ မပါဝင်တော့ကြောင်း ကြေညာခဲ့ပြီးနောက် ဥရောပစူပါလိဂ်ပြိုင်ပွဲ အစီအစဉ်ဟာလည်း ပျက်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်း၊ ဂျူဗင်တပ်အသင်းနဲ့ ရီးယဲလ်မက်ဒရစ် အသင်းတို့ကတော့ ဥရောပစူပါလိဂ်ပြိုင်ပွဲ အစီအစဉ်မှာပါဝင်ဖို့ ဆုံးဖြတ်ထားတဲ့ဆုံးဖြတ်ချက်ကို ပြင်ဆင်ခဲ့ခြင်း မရှိခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်း၊ ဂျူဗင်တပ်အသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ဟာ ယူအီးအက်ဖ်အေရဲ့ ဥပဒေမူဘောင်ကို ချိုးဖောက်နိုင်တဲ့ အလားအလာတွေရှိလာခဲ့တာကြောင့် ယူအီးအက်ဖ်အေအနေနဲ့ အဲဒီအသင်းသုံးသင်းကို တရားစွဲဆို ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်း၊ ဂျူဗင်တပ်အသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့နဲ့အတူ ဥရောပစူပါလိဂ်အစီအစဉ်မှာပါဝင်ဖို့ ကနဦးက စီစဉ်ခဲ့တဲ့အသင်း ကိုးသင်းကတော့ အာဆင်နယ်အသင်း၊ ချယ်လ်ဆီးအသင်း၊ မန်စီးတီးအသင်း၊ မန်ယူအသင်း၊ စပါးအသင်း၊ အေစီမီလန်အသင်း၊ အင်တာမီလန်အသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ ဖြစ်ပြီး အဲဒီအသင်းကိုးသင်းကိုလည်း ဥရောပစူပါလိဂ်အစီအစဉ်မှာ ပါဝင်ပတ်သက်ခဲ့မှုကြောင့် ဥရောပဘောလုံး အဖွဲ့ချုပ်က အပြစ်ပေးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ငွေကြယ်