ဥရောပ ကားဈေးကွက် ရောင်းအားမြင့်တက်လာပေမယ့် ခပ်ဖြည်းဖြည်းပဲရှိနေ

၁၆ ဇူလိုင်

 

ဥရောပ ကားဈေးကွက်ဟာ ဇွန်လမှာ မေလထက်အရောင်းသွက်လာပေမယ့် ပြီးခဲ့တဲ့နှစ်ရဲ့ ရောင်းအားထက် ၂၂ ဒသမ ၃ ရာခိုင်းနှုန်း ကျနေဆဲဖြစ်တယ်လို့ ကားရောင်းဝယ်ရေးအုပ်စုမှ ဒီနေ့(ကြာသပတေးနေ့) မှာ ထုတ်ပြန်ကြေညာပါတယ်။

 

ဥရောပနိုင်ငံတွေဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုထိန်းချုပ်ရေးအတွက် အရေးကြီးစီးပွားရေး လုပ်ငန်းတွေမှ လွဲပြီး အားလုံးကို ပိတ်ထားခဲ့ရာ ဧပြီလမှာ ၇၆ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ပါတယ်။ ကားအစီးရေ ၂၇၀,၀၀၀ ကျော် အရောင်းမဖြစ်ခဲ့ကြောင်း သိရပါတယ်။

 

မေလမှာတော့ နိုင်ငံတွေမှာ အသွားအလာကန့်သတ်မှုတွေ ဖြေလျှော့တဲ့အတွက် ပြန်လည်ကောင်းမွန်ခဲ့ပေမယ့် ၂၀၁၉ ခုနှစ်က ရောင်းအားထက် ၅၀ ရာခိုင်နှုန်း ကျဆင်းနေသေးကြောင်း၊ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်နေပေမယ့် ဝယ်ယူသူတွေနည်းနေသေးကြောင်း ဥရောပမော်တော်ကား ထုတ်လုပ်ရေး အဖွဲ့အစည်း (ACEA)က ပြောပါတယ်။

 

ဥရောပနိုင်ငံတွေမှာ ပြင်သစ်နိုင်ငံတစ်နိုင်ငံတည်းမှာသာ မော်တော်ကားဝယ်လိုအား မြင့်နေတာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လထက် ၁ ဒသမ ၂ ရာခိုင်နှုန်း များနေတာကို တွေ့ရပါတယ်။ အခုလိုဖြစ်ရတာက ပြင်သစ်အစိုးရကနေ ဇွန်လဆန်းမှာ ကာဗွန်ငွေ့ ထုတ်အားနည်းတဲ့ ကားတွေကို ရောင်းချပေးနေတဲ့အတွက်ဖြစ်ကြောင်း(ACEA) က ပြောပါတယ်။

 

စပိန်နိုင်ငံမှာ ကားရောင်းအားမှာ ၃၇ ရာခိုင်နှုန်း ကျဆင်းပြီး အီတလီနိုင်ငံမှာ ၂၃ ရာခိုင်နှုန်း ကျဆင်းစဉ်မှာ ဂျာမနီနိုင်ငံက တတိယ ရောင်းအားကျတဲ့နိုင်ငံဖြစ်ပါတယ်။

 

ဉရောပကားတွေဖြစ်တဲ့ Fiat-Chrysler ကားရဲ့ရောင်းအားမှာ ၂၈ ရာခိုင်နှုန်းကျဆင်းစဉ် PSA ကားရဲ့ရောင်းအားမှာ ၂၂ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းနေပါတယ်။ Volvo ကားကတော့ ၁ ဒသမ ၆ ရာခိုင်နှုန်း ရောင်းအားတိုးနေကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP