“တူယှဉ်နွဲပျော်ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ Season-2 ဒုတိယအဆင့် ( Level – 2) ပွဲစဉ်(၁၃) ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၆

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲ ပွဲစဉ်(၁၃) Result Show ကို ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် နိုဝင်ဘာ ၂၅ ရက် ညပိုင်းက ပြုလုပ်ခဲ့သည်။

ပြိုင်ပွဲကို အကဲဖြတ်ဒိုင်များ၏ အမှတ်ပေးမှု ၃၀ ရာခိုင်နှုန်းနှင့် ပရိသတ်များ၏ SMS Voting တို့ဖြင့် ပေးပို့မှ ၇၀ ရာခိုင်နှုန်း သတ်မှတ်ထားကာ ချင်းပြည်နယ်မှ မြင့်မြတ်သူ(MFO2)၊ ရန်ကုန်တိုင်းဒေသကြီးမှ ထွန်းပပအောင်(MFO3)၊ ပဲခူးတိုင်းဒေသကြီးမှ လျှမ်းထက်ကို(MF05)၊ ကရင်ပြည်နယ်မှ ချိုသဲဦး(MFO6)၊ ကချင်ပြည်နယ်မှ လလဆွတ်(MFO7)၊ နေပြည်တော်မှ ပူတူး(MFO9)နှင့် ဧရာဝတီတိုင်းဒေသကြီးမှ စိုးထက်အောင်(MF 10)တို့က ပွဲစဉ်(၁၄)သို့ တက်ရောက်သွားကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)