တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၃၈၆ ဦး ထပ်မံတွေ့ရှိ

ဇွန် ၇

 

တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၃၈၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၅၂၈၇၉၈၀ အထိ ရှိလာသည်ဟု ယမန်နေ့က ဖော်ပြထားသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့်  ၉၆ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ ၄၈၁၆၄ ဦး ရှိသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသူပေါင်း ၅၁၆၀၇၇၄ ဦး ရှိသည်ဟု တူရကီ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

 

တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် သက်ဆိုင်ရာအာဏာပိုင်များက အတည်ပြုခဲ့ပြီးနောက် ဇန်နဝါရီ ၁၄ ရက်က စတင်ကာ အုပ်စုလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု စတင်လုပ်ဆောင်ခဲ့သည်။

 

နိုင်ငံအတွင်း ယခုချိန်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၁၇၆၀၃၀၀၀ ကျော် ရှိသည်။

 

တူရကီနိုင်ငံတွင် ၂၀၂၀ ခုနှစ် မတ် ၁၁ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပထမဆုံးဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

 

 672021145.PM (2).