တူနီးရှားကမ်းလွန်၌လှေနစ်မြုပ်သဖြင့် ရွှေ့ပြောင်းနေထိုင်သူ လေးဦးသေဆုံး၊ ၁၀ ဦးပျောက်ဆုံး 

မေ ၂၀

 

တူနီးရှားနိုင်ငံ၏ အရှေ့ဘက်ကမ်းလွန်တွင် ရွှေ့ပြောင်းနေထိုင်သူ ၅၈ ဦးတင်ဆောင်လာသော လှေတစ်စင်း နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူလေးဦးသေဆုံးကာ အခြား ၁၀ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု တူနီးရှားသတင်းအေဂျင်စီ တီအေပီ က ယမန်နေ့ကဖော်ပြထားသည်။

 

ထိုလှေပေါ်ပါလာသူ ၄၄ ဦးကို အက်ဖက်မြို့ကမ်းလွန်တွင် ကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်ဆုံးနေဆဲဖြစ်သူများကို  ရှာဖွေမှုများလုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါရွှေ့ပြောင်းနေထိုင်သူများသည် အီတလီနိုင်ငံသို့သွားရန် မြေထဲပင်လယ်ကိုဖြတ်သန်းရန် ကြိုးစားနေကြသူများ ဖြစ်သည်ဟု ဖော်ပြထားသည်။

 

မြေထဲပင်လယ်အလယ်ပိုင်းတွင်တည်ရှိသော တူနီးရှားနိုင်ငံသည် တရားမဝင်ရွှေ့ပြောင်းသွားလာသူများ ဉရောပသို့ သွားရန်အတွက် ဖြတ်သန်းသွားလာမှု အများဆုံးနေရာတစ်ခုဖြစ်သည်။

 

တူနီးရှားနိုင်ငံအာဏာပိုင်များအနေဖြင့် ယင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် တင်းကျပ်သည့်အစီအမံများ ချမှတ်ထားသော်လည်း တူနီးရှားနိုင်ငံမှ အီတလီနိုင်ငံသို့သွားရန်ကြိုးစားနေသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်မှာ များပြားလာခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို