တရုတ်ရေတပ်က ပင်လယ်သုံးခုတို့တွင် စစ်ရေးလေ့ကျင့်

ပေကျင်း ၇ ဇူလိုင်

 

တရုတ်ရေတပ်ဖွဲ့သည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ပင်လယ်ပြင်သုံးခုတို့တွင် စစ်ရေးလေ့ကျင့် မှုများ ပြုလုပ်ခဲ့ပြီး အဆိုပါရေပိုင်နက်များတွင် တရုတ်နိုင်ငံ၏ တည်ရှိမှုကို ထုတ်ဖော်ပြသလိုဟန်ရှိသည့် စစ်ရေးလှုပ်ရှားမှုများအဖြစ် တွေ့ရကြောင်း အင်န်အိတ်ချ်ကေသတင်းက ဖော်ပြခဲ့သည်။

 

အချိန်အတိအကျဖော်ပြခြင်းမရှိ

 

တရုတ်ရေတပ်ဖွဲ့သည် စစ်ရေးလေ့ကျင့်မှုကို တောင်တရုတ်ပင်လယ်၊ အရှေ့တရုတ်ပင်လယ် နှင့် ပင်လယ်ဝါတို့တွင် လုပ်ဆောင်ခဲ့သော်လည်း မည်သည့်အချိန်အခါနှင့် မည်သည့်နေရာတွင် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့သည်ကို အတိအကျ ဖော်ပြခဲ့ခြင်းမရှိကြောင်း တရုတ်ဗဟို ရုပ်မြင်သံကြားနှင့် အခြားသော နိုင်ငံပိုင်သတင်းမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

 

အငြင်းပွားလျက်ရှိ

 

သို့ရာတွင် စစ်ရေးလေ့ကျင့်မှုအတွင်း ပြည်တွင်းလုပ် ဒုံးကျည်တင်စစ်သင်္ဘောသစ်တစ်စင်း၊ ဖျက်သင်္ဘောတစ်စင်းပါဝင်ပြီး လက်နက်များကို လက်တွေ့ပစ်ခတ်သည့် လေ့ကျင့်မှုများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်းရှိ ရေပိုင်နက်အငြင်းပွား မှုတွင်ပါဝင်နေသည့် နိုင်ငံတစ်ခုဖြစ်ပြီး ဗီယက်နမ်နှင့် အခြားအိမ်နီးချင်း နိုင်ငံများကလည်း ၎င်းတို့ ပိုင်ဆိုင်ကြောင်း အငြင်းပွားလျက်ရှိသည်။ ။

 

တရုတ်ရေတပ်ဖွဲ့၏ စစ်ရေးလေ့ကျင့်မှုနှင့်တိုက်ဆိုင်စွာ အမေရိကန်ကလည်း အဆိုပါရေပိုင် နက်များတွင် လေယာဉ်တင်သင်္ဘော နှစ်စင်းပါဝင်သည့် စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

အင်န်အိတ်ကေ