တရုတ်နိုင်ငံတွင် ဖိုက်ဂျီအသုံးပြုသူပေါင်း သန်း ၈ဝ ကျော်ရောက်ရှိ

ပေကျင်း  ၁၂  စက်တင်ဘာ

တရုတ်နိုင်ငံတွင် ဖိုက်ဂျီအသုံးပြုသူသန်းပေါင်း ၈၀ ကျော်အထိ ရောက်ရှိလာခဲ့ပြီး ဒစ်ဂျစ်တယ် စီးပွားရေးလုပ်ငန်း ပိုမိုအခြေခံခိုင်မာလာခဲ့ကြောင်း ကုန်ထုတ်လုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဌာန အဆင့် ၁ စောင့်ကြည့်လေ့လာသူ လီရင်က ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဒစ်ဂျစ်တယ် စီးပွားရေးဖိုရမ်ဖွင့်ပွဲတွင် ပြောကြားလိုက်သည်။

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဒစ်ဂျစ်တယ်စီးပွားရေး ဖိုရမ်နှင့်(၁၀)ကြိမ်မြောက် တရုတ်စမတ်စီးတီး နိုင်ငံတကာ ကုန်စည်ပြပွဲကို စက်တင်ဘာ ၁၁ ရက် တွင် နင်းပေါမြို့တွင် တရားဝင်စတင်ကျင်းပခဲ့သည်။

လီရင်က တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် အမြန်လမ်းပေါ်ရောက်နေပြီး ခုန်ပျံကျော်လွှားပြီး ဖွံ့ဖြိုးတိုးတက်ခြင်းကို အကောင် အထည် ဖော်နိုင်ခဲ့ကြောင်း၊ စီးပွားရေးပမာဏ ယွမ်ငွေ ၃ ဒသမ ၅၈ ထရီလီယံအထိ ရောက်ရှိလာခဲ့ပြီး တရုတ်နိုင်ငံဂျီဒီပီ၏ ၃၆ ဒသမ ၂ ရာခိုင်နှုန်း ရှိကာ စီးပွားရေးအရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလွန်အရေးပါခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆင်ဟွာ