၁၅ ဇူလိုင်
တရုတ်နိုင်ငံတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တိုင်းပြည်၏ နေရာအနှံ့အပြားတွင် ပျက်စီးမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသဖြင့် မိုးရွာသွန်းမှုနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ အမျိုးသားလေ့လာရေးဌာနက ဇူလိုင် ၁၅ ရက်နေ့က မုန်တိုင်းနှင့် ပတ်သက်ပြီး သတိပေးချက်ထုတ်ပြန်ခဲ့သည်။
ဗုဒ္ဓဟူးနေ့နံနက်ပိုင်းမှ ကြာသပတေးနေ့ နံနက်ပိုင်းအထိ ပြည်နယ်ကိုးခုတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း တရုတ်နိုင်ငံ အမျိုးသား မိုးလေဝသ ဌာနက ပြောကြားခဲ့သည်။
ဒေသအချို့တွင် တစ်နေ့လျှင် ၁၂၀ မီလီမီတာအထိ မြင့်တက်စေသော မိုးရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ပြီး အချို့ဒေသများတွင် တစ်နာရီလျှင် ၅၀ မီလီမီတာကျော်အထိ မိုးများရွာသွန်းခြင်းနှင့် လေပြင်းမုန်တိုင်းများ တိုက်ခတ်နိုင်ကြောင်း အဆိုပါ စင်တာက ပြောကြားခဲ့သည်။
ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သတိဖြင့် နေထိုင်ကြရန်နှင့် အန္တရာယ်ရှိသည့် ဒေသများတွင် ရှိသည့်လူများအနေဖြင့် ပြင်ပတွင် အလုပ်လုပ်ကိုင်ခြင်းကို ရပ်တန့်ကြရန် အဆိုပါ စင်တာမှ ဒေသန္တရ အာဏာပိုင်များကို အကြံပေးခဲ့သည်။
ဇွန်လမှစပြီး တရုတ်နိုင်ငံ တောင်ပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းမှုများ ဖြစ်ပေါ်ပြီး ဘေးဒဏ်သင့်ခဲ့သည့် ဒေသများတွင် ရှိသည့် မြစ်များတွင် မြစ်ရေ သတိပေးချက် အဆင့်ထက် ကျော်လွန်ခဲ့သည်။
ရေကြီးမှုကြောင့် နိုင်ငံတော် ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးနှင့် မိုးခေါင်မှု လျှော့ချရေး ဌာနချုပ်မှ တနင်္ဂနွေနေ့တွင် အရေးပေါ်အခြေအနေ အဆင့်နှစ်သို့ ထုတ်ပြန်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်