တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အရေးပေါ်အသုံးပြုရန် ဗီယက်နမ် အတည်ပြု

ဇွန် ၄

 

ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အရေးပေါ် အသုံးပြုရန် အတည်ပြုကြောင်း ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

AstraZenecaနှင့်  Sputnik V  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အရေးပေါ်အသုံးပြုရန် အတည်ပြုခဲ့ပြီးနောက် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် အရေးပေါ်အသုံးပြုရန်အတည်ပြုသည့် တတိယမြောက် ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးဖြစ်လာသည်။

 

ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး Truong Quoc Cuong က Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ယမန်နေ့က အတည်ပြုကြောင်း လက်မှတ်ရေထိုးခဲ့သည်။

 

ဗီယက်နမ်နိုင်ငံတွင် ဧပြီ ၂၇ ရက်မှစတင်ကာ ကိုဗစ်-၁၉ ရောဂါ   ဒေသတွင်းရောဂါ   ကူးစက်သူဦးရေ  ၅၀၀၇ ဦး ရှိသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၆၅၇၇ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် မေလအစောပိုင်းကာလက အတည်ပြုခဲ့ခြင်းဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို