တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုအပေါ် စစ်ဆေးဖို့ ဥရောပပါလီမန်အမတ်တွေက အတည်ပြု 

၁၆ ဖေဖော်ဝါရီ

 

တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် စိုးရိမ်မကင်းတဲ့အတွက် ဥရောပနိုင်ငံတွေရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍ တွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို  စစ်ဆေးဖို့ ဥရောပ ပါလီမန်က ကြာသပတေးနေ့က ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။ 

 

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအတွင်းရှိ သယ်ယူပို့ဆောင်လုပ်ငန်း၊ဆက်သွယ်ရေးလုပ်ငန်း ၊ စက်မှုလုပ်ငန်း၊ ဉာဏ်ရည်တု နဲ့ ဆက်စပ်တဲ့ စက်ရုပ်တွေ စတဲ့ လုပ်ငန်းတွေမှာ ကန့်သတ်မှုတွေ လုပ်ချင်တဲ့ ပုံစံရှိပါတယ်။ 

 

အဲဒီဥပဒေမူကြမ်းကို ဥရောပပါလီမန်အမတ် ၅၀ဝ က ထောက်ခံပြီး ၄၉ ဦး က ကန့်ကွက်ခဲ့ပါတယ်။ အမတ် ၅၆ ဦးက ကြားနေမဲပေးပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။ 

 

MDN 
ကိုးကား - AFP