တရုတ်နိုင်ငံ၌ တောင်ပြိုကျမှုကြောင့် သေဆုံးသူ ၁၉ ဦး ရှိလာ

ဇွန် ၅

တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၊ လီရှန်မြို့တွင် ယမန်နေ့က တောင်ပြိုကျမှု ဖြစ်ပွားခဲ့သဖြင့် ၁၉ ဦး သေဆုံးပြီး အခြားငါးဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ဒေသတွင်းအာဏာပိုင် များက ယမန်နေ့ညပိုင်းကပြောကြားသည်။

အဆိုပါတောင်ပြိုကျမှုသည် ယုံရှန်မြို့နယ်ရှိ သစ်တောလယ်ယာတွင် မနက် ၆ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လူပေါင်း ၆၀၀ ကျော်သည် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန်အတွက် ထိုနေရာသို့ ရောက်ရှိလာသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခြင်းကို ယမန်နေ့ည ၈ နာရီက အဆုံးသတ်ခဲ့သည်ဟု သိရသည်။

ထိုတောင်ပြိုကျမှုဖြစ်ပွားသည့် အကြောင်းရင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို