တရုတ်နိုင်ငံမှ ထုတ်လုပ်မယ့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဘရာဇီးနိုင်ငံမှာ စမ်းသပ်မယ်

၂၁ ဇူလိုင်

 

 

တရုတ်နိုင်ငံမှ ထုတ်လုပ်မယ့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဘရာဇီးနိုင်ငံမှာ လူပေါင်း ၉၀၀ နီးပါးမှာ  ဒီနေ့ (အင်္ဂါနေ့) မှာ စမ်းသပ်မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

 

 

တရုတ်နိုင်ငံက ပုဂ္ဂလိကပိုင် ဆေးကုမ္ပဏီ Sinovac မှ ထုတ်လုပ်မယ့် ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးဟာ ဘရာဇီးနိုင်ငံတွင် နောက်ဆုံးအဆင့် အနေနဲ့ စမ်းသတ်မှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးဟာ တတိယအဆင့် (နောက်ဆုံးအဆင့်) သို့မဟုတ် လူအမြောက်အများပေါ်မှာ စမ်းသပ်ပြီးမှသာ  ဆေးဝါးအဖြစ် ထုတ်နိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

 

 

ဘရာဇီးနိုင်ငံမှာ ပြုလုပ်မယ့် ကာကွယ်ဆေး စမ်းသပ်ရန်အတွက် နိုင်ငံရဲ့ ပြည်နယ် ၆ ခုရှိ ဆရာဝန်တွေနဲ့ ကျန်းမာရေးလုပ်သားတွေအပေါ်မှာ လုပ်ဆောင်မယ်လို့ သိရပါတယ်။

 

 

ဆာပါလိုဆေးရုံမှာ ပြုလုပ်မယ့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်ခြင်းမှ ထွက်ပေါ်လာမယ့် အဖြေကို  ရက်ပေါင်း ၉၀ အတွင်း ရရှိနိုင်မယ်လို့ မျှော်လင့်ကြောင်း ဆာပါလို ပြည်နယ် အုပ်ချုပ်ရေးမှူးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

 

 

ဆေးကုမ္ပဏီ Sinovac ဟာ ဘရာဇီးနိုင်ငံမှ ကျန်းမာရေး သုတေသနဌာန Butantan Institute နဲ့ ပူးပေါင်းပြီး အခုစမ်းသပ်ခြင်းကို လုပ်ဆောင်တာဖြစ်ပါတယ်။

 

 

တကယ်လို့ ကာကွယ်ဆေးဟာ သုံးစွဲရန် ဘေးရန်ကင်းပြီး ထိရောက်မယ်ဆိုရင် တရားဝင် သဘောတူညီချက်အရ Butantan Institute မှ ကာကွယ်ဆေး သန်း ၁၂၀  ကို ထုတ်ယူခွင့်ရရှိမယ်လို့ သိရပါတယ်။

 

 

ဘရာဇီးနိုင်ငံဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူပေါင်း ၂.၁ သန်းရှိပြီး သေဆုံးသူဟာ ၈၀,၀၀၀ ကျော်သွားကြောင်း တနင်္လာနေ့ ထုတ်ပြန်ချက်အရ သိပါတယ်။

 

 

ဘရားဇီးနိုင်ငံမှာ ကာကွယ်ဆေး ထုတ်လုပ်တဲ့ ဗြိတိန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်နဲ့ AstraZeneca ဆေးကုမ္ပဏီတို့မှ စမ်းသပ်မှုကိုလည်း လက်ခံထားကြောင်း သိရပါတယ်။

 

 

 

MDN

ကိုးကား- AFP