တရုတ်နိုင်ငံမှ မြေပဲဆန် အဝယ်နည်းမှုကြောင့် ပြည်တွင်း ဈေးနှုန်းများ ကျဆင်းလာ

မန္တလေး ၂၁  စက်တင်ဘာ

 

တရုတ်နိုင်ငံမှ  မြေပဲဆန် အဝယ်နည်းမှုကြောင့် မန္တလေးမြေပဲဆန်ဈေးကွက်တွင် ဈေးများကျဆင်းနေပြီး ပဲဆီသန့်တစ်ပိဿာလျှင် ငွေကျပ်   ၁၀ဝဝ ကျော် ဈေးကျဆင်းသွားကြောင်း မန္တလေးမြို့ပဲကုန်သည်များထံမှ သိရသည်။

 

မြေပဲဆန်ဈေးနှုန်းမှာ ယခင်ကတစ်ပိဿာလျှင် ငွေကျပ် ၄၀ဝဝ ထိ စံချိန်တင်မြင့်တက်ခဲ့ရာမှ လက်ရှိတွင် တစ်ပိဿာလျှင် ငွေကျပ် ၃၂၀ဝ ထိ ကျဆင်းသွားသည့်အတွက် ပဲဆီသန့်ဈေးနှုန်းမှာလည်း တစ်ပိဿာလျှင် ငွေကျပ် ၁၀ဝဝ ကျော်ထိ ဈေးကျဆင်းသွားသည်။

 

" အဓိက ကတော့ တရုတ်ကအဝယ်နည်းလို့ ဈေးကွက်အေးပြီး ဈေးနှုန်းကျသွားတာတယ် ။ တရုတ်ကပြန်ပြီး အဝယ်ကောင်းလာရင်တော့ ပုံမှန်ပြန်ဖြစ်သွားမှာပါ။ " ဟု မန္တလေးမြို့ ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

 

မြေပဲဆန်ဈေးနှုန်း ကျဆင်းသွားသည့်အတွက် ယခင် ပဲဆီသန့် တစ်ပိဿာလျှင် ငွေကျပ် ၈၄၀ဝ ထိ ဈေးရှိပြီး လက်ရှိတွင် ပဲဆီသန့် တစ်ပိဿာလျှင် ငွေကျပ် ၇၀ဝဝ ထိ ဈေးနှုန်းကျဆင်းခဲ့ရာ တစ်ပိဿာ လျှင်ငွေကျပ် ၁၄၀ဝ ခန့်ထိ ဈေးနှုန်းကျဆင်းသွားကြောင်း သိရသည်။

 

လက်ရှိ မန္တလေးပဲဈေးကွက်တွင် ပဲအမျိုးအစားအားလုံး အရောင်းအဝယ်အေးလျက်ရှိပြီး မြေပဲဆန်ဈေး  နှုန်းမှာ မြေပဲဆန် အသစ်များ ထပ်မံဝင်ရောက်မည့် အောက်တိုဘာလတွင် တရုတ်နိုင်ငံ၏ ဝယ်ယူမှုအခြေအနေကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်ကြောင်း သိရသည်။ 

 

သူရိန်လင်း