တရုတ်နိုင်ငံက နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံပေါင်း ၁၀၀ ကျော်သို့ ကိုပစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၁ ဒသမ ၆ ဘီလီယံကျော် ပံ့ပိုးပေးပြီးဖြစ်

ပေကျင်း အောက်တိုဘာ ၃၁

တရုတ်နိုင်ငံသည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံပေါင်း ၁၀၀ ကျော်သို့ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၁ ဒသမ ၆ ဘီလီယံကျော် ပံ့ပိုးပေးပြီးဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ယနေ့တွင် ပြောကြားသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပံ့ပိုးပေးခဲ့မှုနှင့်စပ်လျဉ်း၍ အွန်လိုင်းမှတစ်ဆင့်ပြုလုပ်သည့် ဂျီ-၂၀ ခေါင်းဆောင်များ၏ (၁၆)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည်လက်ရှိတွင် နိုင်ငံပေါင်း ၁၆နိုင်ငံနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပူးပေါင်းထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ နှစ်ဘီလီယံအထိ ပံ့ပိုးပေးနိုင်လိမ့်မည် ဖြစ်ကြောင်းလည်း သိရသည်။ ။

တရုတ်နိုင်ငံသည် ယမန်နေ့အထိ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ၁ ဒသမ ၀၇ ဘီလီယံကျော် ရှိသွားပြီဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ စုစုပေါင်း ၂ ဒသမ ၂၆ ဘီလီယံကျော် အသုံးပြုပြီး ဖြစ်ကြောင်း သိရသည်။

ကိုးကား- ဆင်ဟွာ ဘာသာပြန်- အလင်းသစ်