တရုတ်နိုင်ငံက လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အာဖဂန်နစ္စတန်နိုင်ငံသို့ လွှဲပြောင်းပေးအပ်

ကဘူးလ် ၁၄ ဇွန်

တရုတ်နိုင်ငံက လှူဒါန်းသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၁၂ ရက်က မြို့တော် ကဘူးလ်ရှိ အာဖဂန်နစ္စတန် သမ္မတနန်းတော်၌ ပြုလုပ်သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများလွှဲပြောင်းပေး အပ်ခြင်းအခမ်းအနားသို့ အာဖဂန်နစ္စတန် သမ္မတဂါနီ၊ ပြည်သူ့ကျန်းမာရေးဝန်ကြီး ဝါဟစ်မာရူး၊ အာဖဂနစ္စတန် အစိုးရအဖွဲ့မှ ထိပ်တန်းတာဝန်ရှိသူများနှင့် အာဖဂန်နစ္စတန် နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ယုတို့တက်ရောက်ကြသည်။

စီးပွားရေး၊ ကုန်သွယ်ရေးနှင့် အသွင်းပြောင်း ဆက်ဆံရေးအပါအဝင် အာဖဂန်နစ္စတန်-တရုတ် တို့၏ နယ်ပယ်အသီးသီးတွင် ဆက်ဆံရေးတိုးမြှင့်လာခြင်းကို ကြိုဆိုပါကြောင်းနှင့် တရုတ်နိုင်ငံ၏ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များနှင့် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးလှူဒါန်းမှုများသည် အာဖဂန်နစ္စတန်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးကို အကူအညီ ဖြစ်စေမည်ဖြစ်ကြောင်း အာဖဂန်သမ္မတဂါနီက ပြောကြားသည်။

တရုတ်နိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်နိုင်ရေး အာဖဂန်နစ္စတန်နိုင်ငံအား အထောက်အပံ့များ ဆက် လက်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း အာဖဂန်နစ္စတန်ဆိုင်ရာ တရုတ်သံအမတ်ဝမ်ယုက ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံ အစိုးရနှင့် ပြည်သူများအား ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်များတွင် ဆက်လက်အထောက် အပံ့ပေးသွားမည်ဖြစ်ကြောင်းလည်း တရုတ်သံအမတ် ဝမ်ယုက ပြော ကြားသည်။

ကိုးကား-ဆင်ဟွာ ၊ ဘာသာပြန်-အလင်းသစ်