တရုတ်နိုင်ငံက ဂြိုဟ်တု ၁၄ ခုသယ်ဆောင်သည့် Long March-2D ဒုံးပျံကို အောင်မြင်စွာလွှတ်တင်

 

ပေကျင်း၊ ဇန်နဝါရီ ၁၅

 

တရုတ်နိုင်ငံသည် ဂြိုဟ်တု ၁၄ ခု သယ်ဆောင်သည့်  Long  March-2D ဒုံးပျံကို ယနေ့ အောင်မြင်စွာလွှတ်တင် ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဒုံးပျံကို တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ရှီးပြည်နယ်ရှိ တိုင်ယွန် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၄ မိနစ်တွင် လွှတ်တင်ခဲ့သည်။ Qilu-2  နှင့်  Qilu-3 အပါအဝင် ဂြိုဟ်တုများသည် ၎င်းတို့၏ စီစဉ်ထား သော  အာကာသပတ်လမ်းအတွင်းသို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

 

Qilu-2 နှင့် Qilu-3 ဂြိုဟ်တုများတွင် ပုံရိပ်ပြတ်သားမှုမြင့်မားသော အလင်းပြန်စနစ်နှင့် ကမ္ဘာမြေကို စူးစမ်းလေ့လာရန် အတွက် အလင်းပြန်ပုံရိပ်ဖော်ကိရိယာများ ပါဝင်သည်။

 

၎င်းတို့သည် တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်တွင် မြေယာစစ်တမ်း ကောက်ယူခြင်း၊ စိုက်ပျိုးရေး၊ သစ်တော၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးတို့အတွက် အဝေးမှ အာရုံခံခြင်းဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးမည်ဖြစ်သည်။ ၎င်းတို့သည် အာကာသပတ်လမ်းအတွင်း Qilu-1 ဂြိုဟ်တုနှင့် ညှိနှိုင်းလုပ်ဆောင်မည်ဖြစ်သည်။ ယခုဒုံးပျံလွှတ်တင်မှုသည် အဆိုပါ Long March ဒုံးပျံယာဉ်ကို အသုံးပြု လွှတ်တင်သည့် (၄၆၂)ကြိမ်မြောက် ဒုံးပျံ လွှတ်တင်ရေးမစ်ရှင်ဖြစ်ကြောင်း သိရသည်။

 

Long March-2D ဒုံးပျံကို တရုတ် အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Shanghai Academy of Spaceflight Technology က တီထွင်ထုတ်လုပ် ထားခြင်းဖြစ်သည်။ ယင်းဒုံးပျံသည် ဂြိုဟ်တုတစ်လုံးတည်း နှင့် ဂြိုဟ်တု ၁၄ လုံးကို သယ်ဆောင်သွားခဲ့သည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်