တရုတ်နိုင်ငံ ရဲ့ ဒုတိယအကြိမ်  ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ထိန်းချုပ်နည်းလမ်းသစ်

၉ ဇူလိုင်

 

 

တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ  ဒုတိယအကြိမ် ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကြောင့် မြို့ခံတွေက ကြောက်လန့်ခဲ့ပေမယ့် တာဝန်ရှိသူတွေက ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို တားဆီးနိုင်ပါတယ်။

 

 

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဝူဟန်မြို့က စတင်ခဲ့ ကပ်ရောဂါပိုးကြောင့် တစ်နိုင်ငံလုံး အသွားအလာ ကန့်သတ်မှုတွေ လုပ်ခဲ့တာမျိုး အခုကြိမ်မှာ မလုပ်ခဲ့ဘဲ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ရာ အိမ်ရာတွေကိုသာ အသွားလာ ကန့်သတ်ခဲ့ပါတယ်။

 

 

ဒါ့အပြင် အဲဒီနေရာမှာ နေထိုင်တဲ့ လူတွေကို ဗိုင်းရပ်စ်ပိုး စစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ၂၁ သန်းသော မြို့ခံတွေကို ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးပေးတဲ့အတွက် ဇူလိုင်လဆန်းက ဗိုင်းရပ်စ်ပိုး တွေ့ရှိမှုဟာ တစ်နေ့ထက်တစ်နေ့ ပိုးတွေ့ရှိမှု ကျဆင်းနေတာကို တွေ့ပြီး အခုဆိုရင် သုံးရက် ဆက်တိုက်ပိုးတွေ့ ရှိမှု မရှိတော့တာကို တွေ့ရပါတယ်။

 

 

တရုတ်နိုင်ငံရဲ့တစ်ကျော့ပြန်  ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို ထိန်းချုပ်နည်းကို လေ့လာကြည့်မယ်ဆိုရင်

 

 

၁) ဘေကျင်းမြို့ကို လာတဲ့ လေယာဉ် ခရီးစဉ်တွေကို တခြားမြို့တွေ ပြောင်းပေးတာမျိုး၊ ဘေကျင်းမြို့ကို လာလည်သူတွေနဲ့ ပြန်ထွက်သွားသူတွေ သီးခြားစောင့်ကြည့်မှုအောက်မှာ ထားရှိခြင်းနဲ့ ပိုးစစ်ဆေးခြင်း

 

 

၂) ဗိုင်းရပ်စ်ပိုး စတင်ရာကို ရှာဖွေပြီး ဆက်စပ်မှုရှိသူတွေကို သီးသန့်စောင့်ကြည့်မှုအောက်ထားရှိပြီး ၁၁ သန်းသော မြို့ခံတွေကို ဗိုင်းရပ်စ်ပိုးစစ်ဆေးခြင်း

 

 

၃) စေတနာ ဝန်ထမ်းတွေက တစ်အိမ်တက် တစ်အိမ်ဆင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိထားသူတွေနဲ့ ထိစပ်မှု ရှိလား ဆိုတာကို လိုက်လံမေးမြန်း စာရင်းကောက်ခြင်း

 

 

၄) တစ်မြို့လုံးရှိ အစား၊အသောက် လုပ်ငန်းနဲ့ ပတ်သက်သူတိုင်းဟာ ဗိုင်းရပ်စ်စစ်ဆေးမှု လုပ်ဆောင် လုပ်ရခြင်း

 

 

၅) ဘားတချို့ကို ပိတ်ခိုင်းခြင်း

 

 

၆) ဗိုင်းရပ်စ်ပိုး စတင်ရာ လက္ကားဈေး အနီးကို လာရောက်ဖူးတဲ့ ကားနံပါတ်တွေ လုံခြုံရေး ကင်မရာကနေ တစ်ဆင့် ရှာဖွေပြီး ဗိုင်းရပ်စ်ပိုး စစ်ဆေးရန် ပြောကြားခြင်း စတဲ့ အချက်တွေကို လုပ်ဆောင်ပြီး ဗိုင်းရပ်စ်ပိုးကို မပျံ့နှံ့အောင် ထိန်းချုပ်ခဲ့ကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP