တရုတ်နိုင်ငံ ဖုန်းဈေးကွက်၌  ခေါက်ဖုန်းများ ရောင်းအား မြင့်တက်လာ

 

ပေကျင်း၊ ဖေဖော်ဝါရီ ၆

 

တရုတ်နိုင်ငံ ဖုန်းဈေးကွက်၌ ခေါက်ဖုန်းများ၏ရောင်းအားမှာ ၂၀၂၂ ခုနှစ်အတွင်း သိသိသာသာ မြင့်တက်လာကြောင်း အစီရင်ခံစာတစ်ရပ် အရ သိရသည်။

 

အဆိုပါဖုန်းများ၏  ရောင်းအားပမာဏသည်  ယမန်နှစ်အတွင်း အလုံးရေ ၂ ဒသမ ၈၃ သန်းအထိ ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ရောင်းအားများ ပိုမိုတိုးတက်လာခဲ့ကြောင်း သုတေသနနှင့် အကြံပေးကုမ္ပဏီ CINNO Research ၏ အစီရင်ခံစာအရ သိရသည်။

 

အဓိက စမတ်ဖုန်းအမှတ်တံဆိပ် ခုနစ်မျိုးသည်လည်း ယမန်နှစ်အတွင်း ရောင်းအားများ တိုးတက်လာကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါစမတ်ဖုန်းများ ရောင်းအားကောင်းလာခြင်းသည် တရုတ်နိုင်ငံတွင် ပြောင်းလဲလျက်ရှိသည့် အော်ဂဲနစ် အလင်းထုတ်လွှတ်သော လျှပ်စစ်မျက်နှာပြင် နည်းပညာများကြောင့်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်