တရုတ်နိုင်ငံ ဟူပေတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အသစ် မရှိ

၁၆ ဇူလိုင်

 

 

တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ လက္ခဏာ မပြသူများ (သို့မဟုတ်) သံသယရှိ လူနာများ ထပ်မံမတွေ့ရှိခဲ့ကြောင်း ယင်းပြည်နယ် ကျန်းမာရေး ကော်မရှင်က ယနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။

 

 

အဆိုပါ ပြည်နယ် မြို့တော် ဝူဟန်မှ တစ်ဦး အပါအဝင် ရောဂါ  လက္ခဏာမပြသူ သုံးဦး ရှိခဲ့သည်။

 

 

ရောဂါကူးစက်မှု ရှိသူနှင့် ထိတွေ့သူ စုစုပေါင်း ၄၂ ဦးကို စောင့်ကြည့်နေဆဲ ဖြစ်သည်။

 

 

ဟူပေပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူပေါင်း ၆၈၁၃၅ ဦးရှိပြီး ၆၃၆၂၃ ဦး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ပြုခဲ့သည်ဟု အတည်ပြု ထုတ်ပြန်ထားသည်။

 

 

ထိုပြည်နယ်တွင် ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၄၅၁၂ ဦး ရှိကြောင်း ဖော်ပြထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို