တရုတ်နိုင်ငံ ဟူဘေးပြည်နယ်တွင် မြေပြိုမှုဖြစ်ပွား လူ ကိုးဦး သေဆုံး

၈ ဇူလိုင်

 

 

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ်တွင် ဇူလိုင် ၈ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှု ဖြစ်ပွားပြီး လူ ကိုးဦး သေဆုံးခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်သည်။

 

 

ဟွမ်မိုင်စီရင်စု ဒါဟီမြို့နယ်တွင် ယနေ့မနက် ၄ နာရီခန့်က မြေပြိုမှုဖြစ်ပွားခဲ့သည်ဟု ဒေသန္တရရေကြီးမှု ထိန်းချုပ်ရေးနှင့် မိုးခေါင်မှု ကယ်ဆယ်ရေး ဌာနချုပ် ပြောကြားချက်အရ သိရသည်။

 

 

အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့များ၊ ပြည်သူ့လုံခြုံရေး၊ ရဲတပ်ဖွဲ့၊ ဆေးဘက်ဆိုင်ရာနှင့် အခြားဌာနများသည် ထိုမြေပြိုမှု ဖြစ်ပွားရာ နေရာသို့ ရောက်ရှိခဲ့ပြီး ရွာသား ၄၀ ကျော်ကို နေရာသစ်ကို ရွှေ့ပြောင်းပေးခဲ့ကြသည်။

 

 

ယနေ့မနက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးရေချိန် ၂၀ဝ မီလီမီတာ ကျော် ရှိခဲ့ပြီး ဒါဟီမြို့နယ်တွင် မိုးရေချိန်အမြင့်ဆုံး ၃၅၃ မီလီမီတာဖြင့် စံချိန်တင်ခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို