တရုတ်နိုင်ငံ ဆင်ဂျန်းမှာ အကြမ်းဖက်သမား ၁၃,ဝ၀ဝ နီးပါး ဖမ်းဆီးထားကြောင်း သိရ

၁၈ မတ်

 

တရုတ်နိုင်ငံ အနောက်ပိုင်း ဆင်ဂျန်းပြည်နယ်မှာ အကြမ်းဖက်သမား စုစုပေါင်း ၁၃,ဝ၀ဝ နီးပါးကို ၂၀၁၄ ကစပြီး ဖမ်းဆီးထားကြောင်း သိရပါတယ်။ အဲဒီပြည်နယ်မှာ မူဆလင်ဘာသာဝင် လူနည်းစု ဝီဂါတွေကို သီးခြားအဆောက်အအုံတွေမှာ ထားတဲ့အတွက် တရုတ်နိုင်ငံကို  နိုင်ငံတကာ လူအခွင့်အရေးအဖွဲ့တွေက ဝေဖန်မှုတွေကို လုပ်လေ့ရှိပါတယ်။ 

 

mdn

 

ဆင်ဂျန်းပြည်နယ်မှာ ၂၀၁၄ ခုနှစ်ကစပြီး အကြမ်းဖက်သမား ၁၂၉၉၅ ဦးဖမ်းဆီးထားကြောင်း၊  အကြမ်းဖက်ဖြစ်စဉ်ပေါင်း ၁၅၈၈ ခု၊ ပေါက်ကွဲစေတဲ့ ပစ္စည်း ၂၀၅၂ ခု၊ ဥပဒေပြင်ပ ဘာသာရေးလှုပ်ရှားမှုပေါင်း ၄၈၅၈ ခုအတွက် လူပေါင်း ၃၀၆၄၅ ဦးကို ပြစ်ဒဏ်ချထားရကြောင်း နဲ့ ဥပဒေပြင်ပ ဘာသာရေးနဲ့ပတ်သတ်တဲ့ စာရွက်စာတမ်းပေါင်း ၃၄၅၂၂၅ ခု ကို အစိုးရက ထုတ်ပြန်တဲ့ white paper အရသိပါတယ်။ 

 

ဆင်ဂျန်းပြည်နယ်ဟာ ပါကစ္စတန်၊ အာဖဂန်နစ္စတန်အပါအဝင် နိုင်ငံပေါင်း ၃ ၊ ၄ နိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေပါတယ်။ ဆင်ဂျန်းပြည်နယ်ဟာ ပြည်နယ်ခွဲထွက်ရေးကို လုပ်ဆောင်နေတဲ့ သူတွေက  ဖန်တီးလုပ်ဆောင်နေတဲ့ အကြမ်းဖက်မှုများကို ကြာရှည်စွာ ခံနေရတဲ့ ဒေသဖြစ်ပါတယ်။ 

 

mdn

 

တရုတ်အစိုးရက သတင်းထောက်တွေနဲ့ သံတမန်တွေကို ဆင်ဂျန်းပြည်ထဲလှည့်လည်ရေး ခရီးစဉ်များကို သိပ်မကြာခင်က လုပ်ဆောင်ပေးခဲ့ပါတယ်။ 

 

MDN