တရုတ်၊ အိန္ဒိယနိုင်ငံများတွင် အရက်သောက်တဲ့ပမာဏာ ပိုများလာကြောင်း လေ့လာတွေ့ရှိ 

၈ မေ

ကမ္ဘာတစ်ဝန်းရှိ အရွယ်ရောက်ပြီးသူ  အရက်သောက်နှုန်းဟာ ၁၉၉၀ ထက် ၂၀၁၇ ခုနှစ်မှာ ဆယ်ရာခိုင်နှုန်း ပိုများလာကြောင်း၊  တရုတ်နဲ့ အိန္ဒိယနိုင်ငံများမှာ အရက်သောက်နှုန်းပိုများပြီး အရင်ကထက် နေရာတော်တော်များများမှာ သောက်သုံးကြကြောင်း သုတေသနပညာရှင်များက ဗုဒ္ဓဟူးနေ့က ကြေငြာပါတယ်။ 

 

4889

 

လက်ရှိအနေအထားအရ လာမယ့်၁၀ နှစ်အတွင်း ကမ္ဘာမှာ အရက်သောက်သုံးသူ ၁၇ ရာခိုင်နှုန်းတိုးလာမှာဖြစ်တယ်လို့ ကျန်းမာရေး ဂျာနယ် The Lancet မှာ ရေးသားထားပါတယ်။ 

 

558+9

 

၂၀၃၀ ခုနစ်မှာ ကမ္ဘာပေါ်မှာ အရွယ်ရောက်သူ တဝက်ခန့်ဟာ အရက်သောက်သုံးသူဖြစ်လာမှာဖြစ်ပြီး၊ လေးပုံတစ်ပုံလောက်က အရက်ကို တစ်လကို အနည်းဆုံး တစ်ကြိမ်သောက်သုံးကြနိုင်ကြောင်း နိုင်ငံပေါင်း ၁၈၉ နိုင်ငံကို လေ့လာထားချက်အရ သိရပါတယ်။ 

 

7746

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၂၅ အရောက်မှာ ကျန်းမာရေးထိခိုက်အောင် အရက်သောက်သုံးမှုကို လျော့ချဖို့ရှိနေပါတယ်။ အဲဒီရည်ရွယ်ချက်ပြည့်မီဖို့အတွက် လုပ်ဆောင်နေတဲ့ လမ်းကြောင်းပေါ်မှာ မရှိသေးကြောင်း ပညာရှင်များက ဝေဖန်လိုက်ပါတယ်။ ကျန်းမာရေးထိခိုက်အောင် အရက်သောက်သုံးမှု လျှော့ချနိုင်ရေးအတွက် အခွန်အခ ပိုမိုကောက်ခံခြင်းနဲ့ အရက်ကြေငြာတွေကို ပိတ်ပင်ခြင်းတွေ လုပ်ဆောင်ရမယ်လို့ ပြောဆိုပါတယ်။ 

အရက်ဟာ ရောဂါအမျိုးပေါင်း ၂၀ဝ ကျော် နဲ့ ဆက်နွယ်နေပါတယ်။ နှစ်စဉ် လူပေါင်း ၃ သန်းကျော် သေဆုံးရာ ၇၅ ရာခိုင်နှုန်းဟာ အမျိုးသားတွေဖြစ် ကြောင်း WHO က ပြောဆိုပါတယ်။ 

ကမ္ဘာတဝန်းမှာ အရက်နဲ့ပတ်သတ်ပြီး ဝေဒနာခံစားမှုကို ကြည့်မယ်ဆိုရင် အမျိုးသား ဦးရေ ၂၃၇ သန်း နဲ့ အမျိုးသမီးဦးရေ ၄၆ သန်း ရှိကြောင်း သိရပါတယ်။ ထပ်ဆင့်လေ့မယ်ဆိုရင် အရက်သောက်နှုန်းဟာ ဥရောပနိုင်ငံတွေမှာ (အမျိုးသား ၁၅ % နဲ့ အမျိုးသမီး ၃.၅%) အနောက်အမေရိက နိုင်ငံများတွင် (အမျိုးသား ၁၁.၅ % နဲ့ အမျိုးသမီး ၅%) ရှိကြောင်းတွေ့ရပါတယ်။ 

၁၉၉၀ မတိုင်မီက အရက်သောက်သုံးသူအများစုဟာ ဝင်ငွေကောင်းတဲ့ သူတွေဖြစ်ပြီး ဥရောပနိုင်ငံတွေမှာ အများအပြာသောက်သုံးကြပါတယ်။ လက်ရှိအခြေအနေမှာ ဝင်ငွေအလယ်အလတ်ကောင်းတဲ့နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ နဲ့ ဗီယက်နမ်နိုင်ငံတွေမာ အရက်သောက်နှုန်းပိုတိုးတက်လာတာကို တွေ့ရပါတယ်။ 

တရုတ်နိုင်ငံမှာ အမျိူးသားတစ်ယောက်ဟာ အရက်နဲ့ ဘီယာပေါင်း  ပျမ်းမျှ ၁၁ လီတာကျော်သောက်သုံးပြီး အမျိုးသမီးတစ်ယောက်ဟာ ၇ လီတာကျော် သောက်သုံးကြောင်း သိရပါတယ်။

ကမ္ဘာတဝန်းမှာ ၁၉၉၀ ခုနှစ်က အရွယ်ရောက်ပြီးသူ အရက်သောက်သုံးနှုန်းဟာ ၅.၉ လီတာ ကနေ ၁၉၉၇ ခုနှစ်မှာ ၆.၅လီတာ ရှိပြီး ၂၀၃၀ မှာ ၇.၆ လီတာအထိ မြှင့်တက်သွားနိုင်ကြောင်း သိရပါတယ်။ 

တနည်းပြောရင် အရက်သောက်သုံးသူရဲ့ ၄၅ ရာခိုင်နှုန်းဟာ အနှံကနေထုတ်တဲ့ အရက်ကို သောက်သုံးပြီး၊ ၁၅ ရာခိုင်နှုန်းကတော့ ဘီယာနဲ့ ၁၂ ရာခိုင်နှုန်းကတော့ ဝိုင်ကို သောက်သုံးတယ်လို့ ခွဲခြားပြထားပါတယ်။ 

၂၀၁၆ခုနှစ်မှာ သေဆုံးသူရဲ့ လေးပုံတစ်ပုံကျော်ဟာ မတော်တဆမှု၊ ခိုက်ရန်ဖြစ်မှုနဲ့ မိမိကိုယ်ကို နှာကျင်စေမှုတွေကြောင့် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အစာအိမ်ရောဂါ၊ နှလုံးနဲ့ သွေကြောရောဂါတွေကြောင့်လည်း သေဆုံးကြတာကိုလည်း တွေရပါတယ်။ 

MDN
ကိုးကား - AFP