တရားဥပဒေစိုးမိုးရေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့သော စာချွန်တော်အမိန့်များ (၃) စာအုပ်ထွက်ရှိ

၁  သြဂုတ်

 

ဦးခင်ဇော် (တရားလွှတ်တော်ရှေ့နေ-ပဲခူး) (အငြိမ်းစားဥပဒေအရာရှိအဆင့်-၂) ရေးသားသည့် တရားဥပဒေ စိုးမိုးရေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့သော စာချွန်တော် အမိန့်များ(၃) စာအုပ် ပထမအကြိမ်အဖြစ် မေလကုန်ပိုင်းက ထွက်ရှိခဲ့သည်။

 

11

 

ယခုထွက်ရှိလာသည့် တရားဥပဒေစိုးမိုးရေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့သော စာချွန်တော်အမိန့်များ(၃) စာအုပ်တွင်ရှေ့တော်သွင်းစာချွန်တော်အကြောင်း သိကောင်းစရာ ဆောင်းပါးလေးပုဒ်၊ အမှုခေါ်စာချွန်တော်အကြောင်း သိကောင်းစရာဆောင်းပါး ၂၄ ပုဒ်၊ အာဏာပိုင် မေးစာချွန်တော်/အာဏာပိုင်ပေး စာချွန်တော်အကြောင်း သိကောင်းစရာ ဆောင်းပါး ၁၀ ပုဒ် စုစုပေါင်း ဆောင်းပါးပေါင်း ၃၈ ပုဒ်ဖြင့်စာချွန်တော်အမှုများ၏ ဖြစ်ရပ်ဖြစ်စဉ်၊ အမိန့်များဖြင့် တရားဥပဒေ စိုးမိုးရေးကို ပုံဖော်ထားသဖြင့် ဥပဒေပညာရပ်ကိုအထူးပြုလေ့လာသူများနှင့် ဥပဒေဗဟုသုတ ရှာဖွေလိုသူများအတွက် ဖတ်ရှုလေ့လာရမည့် စာအုပ်တစ်အုပ်ဖြစ်သည်။

 

ကြေးမုံ စာအုပ်စင်