တရားမဝင် သစ်မျိုးစုံ ၊ လူသုံးကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မေ ၁၈

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိရာ မေ ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၄၈/၆)၊ တောင်ပေါ်လမ်းထိပ်အနီး၌ တရားမဝင် သစ်မျိုးစုံ (၄.၅၅၄၄)တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၀၃,၈၈၈)နှင့် အဆိုပါသစ်များ တင်‌ဆောင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆,၂၀၃,၈၈၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ မေ ၁၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာအပြည်ပြည် ဆိုင်ရာဆိပ်ကမ်း(သီလဝါ) ကုန်သေတ္တာစစ်ဆေး‌ရေးစခန်း၌  တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်‌ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID) ဖွင့်လှစ်ပြီး လေးနှစ်ကျော်လွန်ပြီးသည် အထိ လာ‌ရောက်ထုတ်ယူခြင်းမရှိသော NISSAN CARAVAN အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉,၉၃၅,၀၀၀)နှင့် HONDA အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၆၄၆,၂၅၀) ကို လည်းကောင်း၊ မေ ၁၇ ရက်တွင် သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာ ထားခြင်းမရှိသော လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၁၆၄,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၅,၇၄၅,၂၅၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

အလားတူ မေ ၁၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာ့စက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၀၄၄,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် မေ ၁၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ‌ ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး  သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က တောင်ငူခရိုင်၊ ‌ရေတာရှည်မြို့နယ် ၊ ရိုးမကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင် သစ်မျိုးစုံ (၇.၇၈၆၀)တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၃၆,၉၇၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ်(၄/၃)၊(၄/၄)နှင့် ဒိုက်ဦး-စစ်တောင်းကားလမ်း မိုင်တိုင်အမှတ် (၅/၀)တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေ အရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၉၃၆,၉၇၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိသည်။

 

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကသာမြို့နယ်အတွင်း တရားမဝင် ကျွန်းခွဲသား (၁ ဒသမ ၃၆၇၀)တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၀,၁၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်မြို့နယ်၊ ညောင်တုန်းမြို့နယ်နှင့် မြောင်းမြမြို့နယ်များအတွင်း တရားမဝင် သစ်မျိုးစုံ (၁၉ ဒသမ ၀၈၁၄) တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၃၅,၆၉၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။

 

သို့ဖြစ်ပါ၍  မေ ၁၆ ရက်၊ ၁၇ ရက် နှင့် ၁၈ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇,၆၇၅,၉၀၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ  သိရသည်။

(သတင်းစဉ်)