တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်၊ သြဂုတ် ၃

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၉ ရက်နှင့် သြဂုတ် ၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာအပြည်ပြည် ဆိုင်ရာဆိပ်ကမ်း (သီလဝါ)၌ တာဝန်ကျအ‌ကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန် ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော အထည်ချုပ်လုပ်ငန်းသုံးပစ္စည်းနှင့် ဆောက်လုပ်‌ရေး လုပ်ငန်းသုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၅၁၅,၄၁၇) ကို သိမ်းဆည်းရမိခဲ့ပြီး  အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဇူလိုင် ၃၁ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်‌ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်း တရားမဝင် ပျဉ်းကတိုးခွဲသားနှင့် အင်ကြင်းခွဲသား (၂ ဒသမ ၅၁၀၀) တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ,၂၅၅,၀၀၀)ကို လည်းကောင်း၊ သြဂုတ် ၁ ရက်တွင် သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အရှေ့ ရိုးမကြိုးဝိုင်းအတွင်း တရားမဝင် သစ်မျိုးစုံ( ၃ ဒသမ ၇၇၁၆) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၄,၀၁၂)ကို လည်း ကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၁၉,၀၁၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် သြဂုတ် ၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တာဝန်ကျအကောက်ခွန်စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စာရွက် စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂,၉၅၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ သြဂုတ် ၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်‌ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူး‌ပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်များအတွင်း တရားမဝင် ကျွန်းသစ်နှင့်သစ်မာ (၅ ဒသမ ၈၁၃၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၆၁၄,၅၀၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပ‌ဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍  ဇူလိုင် ၂၉ ရက်၊ ၃၁ ရက်၊ သြဂုတ် ၁ ရက်နှင့် ၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၅၉၈,၉၃၇) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)