တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီ၊ ဓာတုကုန်ကြမ်းပစ္စည်း၊ လုပ်ငန်းသုံးစက်ပစ္စည်းများနှင့် စက်‌လှေများ ဖမ်းဆီးရမိ

နေပြည်တော်၊ သြဂုတ် ၄
    
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ၊ မြန်မာစက်မှု ဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင်ကြေညာထားသည်နှင့်ကိုက်ညီမှုမရှိသည့်လုပ်ငန်းသုံး စက်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇,၀၀၇,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 
    
ယင်းအပြင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်‌ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးမြို့ကုန်တင်ကုန်ချ ကားကြီးကွင်းအတွင်း၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် အိမ်မွေးတိရစ္ဆာန်သုံး ရေချိုးဆပ်ပြာများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၂၄၀,၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းအရ လည်း‌ကောင်း၊ မင်းလှမြို့တောင်ဘက် ၁၂ မိုင်ခန့်အကွာ၊ သပြေတောကျေးရွာ အရှေ့ဘက် ဧရာဝတီမြစ်အတွင်း၌ တရားမဝင် ကျောက်စရစ်စုပ်ယူရာတွင် အသုံးပြုသည့်   လိုင်စင်မဲ့ ကျောက်စုပ်မော်တော်ယာဉ်(၁၀)စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၅၀၀,၀၀၀)ကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေအရ လည်းကောင်း ၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃,၇၄၀,၀၀၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
    
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မုံရွာ မြို့၊ ကွေ့ကြီးရပ်ကွက် လှည်းဆိပ်၌ တရားမဝင်  စက်သုံးဆီ (၁၂၀၀)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၈၀၀,၀၀၀) ကိုလည်းကောင်း၊ ကောလင်း-ဝန်းသိုသွား ကားလမ်း၌ တရားမဝင် စက်သုံးဆီ                (၁၄,၁၅၀) ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၃,၀၁၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၃,၈၁၀,၀၀၀)ကို  ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
    
၎င်းအပြင်  သြဂုတ် ၃ ရက်တွင်  ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  သံလွင်တံတား စုပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၁)စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော ဓာတုကုန်ကြမ်း ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 
     
ထို့အတူ သြဂုတ် ၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့်တောင်ငူခရိုင်များအတွင်း တရားမဝင် သစ်မျိုးစုံ( ၁၀ ဒသမ ၈၀၃၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၆၂၂,၉၇၈) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။ 
    
အလားတူ ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မောင်တောခရိုင်၊ မောင်တောမြို့နယ် အတွင်း တရားမဝင် ကညင်ခွဲသား (၂၅ ဒသမ ၀၀၀)တန် ( ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၇၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်‌တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
    
သို့ဖြစ်ပါ၍  သြဂုတ် ၂ ရက်၊ ၃ ရက်နှင့် ၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ       (၁၄)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၄,၉၂၉,၉၇၈ ) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။ 
(သတင်းစဉ်)