နေပြည်တော်၊ ဇွန် ၃၀
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာ ဇွန် ၂၈ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း ယာဉ်ငယ်စစ်ဆေးရေးဂိတ်တွင် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လောက်ကိုင်မြို့မှ လားရှိုးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် နှစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် KANGDA 125 အမျိုးအစား ဆိုင်ကယ်လေးစီး ( ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၈၀၀,၀၀၀ ) နှင့် အဆိုပါ ဆိုင်ကယ်များ တင်ဆောင်လာသည့် TOYOTA WISH အမျိုးအစား မော်တော်ယာဉ် တစ်စီး ( ခန့်မှန်း တန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀ ) နှင့် NISSAN AD VAN အမျိုးအစား မော်တော်ယာဉ် တစ်စီး ( ခန့်မှန်း တန်ဖိုးငွေကျပ် ၇,၀၀၀,၀၀၀ ) စုစုပေါင်း ( ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၈၀၀,၀၀၀ ) ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် ဇွန် ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူး ဦးဆောင်သောအဖွဲ့က ဘုရားကြီးတိုးဂိတ်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ကုန်တင်ယာဉ် တစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ကြွေပြားချပ် ( ၁၉၄၈ ) ချပ် ( ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၈၁၈,၀၀၀ ) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် နောက်တွဲ ယာဉ်ပါ Chenglong အမျိုးအစား ( ၂၂ ) ဘီး ကုန်တင်ယာဉ် တစ်စီး ( ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅,၀၀၀,၀၀၀ ) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊ ဇွန် ၃၀ ရက်တွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရေတာရှည်မြို့နယ်နှင့် အုတ်တွင်းမြို့နယ်များအတွင်း တရားမဝင် ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ်မျိုးစုံ ( ၁၁ ဒသမ ၀၂၅၆ ) တန် ( ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၂၁၀,၃၈၈ ) ကို သစ်တောဥပဒေအရလည်း ကောင်း၊ စုစုပေါင်း ( ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆,၀၂၈,၃၈၈ ) ကို ဖမ်းဆီးအရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့် ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ဖျာပုံမြို့နယ်အတွင်း တရားမဝင် မျောသစ် ( ၄၁၅၀ ) လုံး ( ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၀,၀၀၀ ) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ဇွန် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အရှေ့ရိုးမကြိုးဝိုင်းအတွင်းနှင့် သရက်မြို့နယ်များ အတွင်း တရားမဝင်သစ်မျိုစုံ ( ၂ ဒသမ ၃၂၀၂ ) တန် ( ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၁,၅၇၆ ) ကို ဖမ်းဆီးရမိခဲ့ ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ဇွန် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် ( တံတားကျိုး ) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်တင်ယာဉ် နှစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ကလေးစီး ဘတ္ထရီဆိုင်ကယ် အစီး ( ၃၀ ) ( ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀ ) ကို လည်းကောင်း၊ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများ ( ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၈၀,၀၀၀ ) ကိုလည်းကောင်း၊ စုစုပေါင်း ( ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၀၈၀,၀၀၀ ) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
၎င်းအပြင် ဇွန် ၃၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကန့်ဘလူမြို့နယ်အတွင်း NISSAN AD VANအမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ( ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၀၀,၀၀၀ ) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇွန် ၂၈ ရက်၊ ၂၉ ရက်၊ ၃၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ( ၁၈ ) မှု၊ ( ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂,၀၉၉,၉၆၄ ) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်