နေပြည်တော် မေ ၂၄

သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာန၊ အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မေ ၁၉ ရက်က ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို နေပြည်တော်၊ တိုင်းဒေသကြီး ပြည်နယ်များမှ မြို့နယ် ၄၉ မြို့နယ်ရှိ နေရာ ၁၁၆ နေရာများတွင် မီးသတ်ယာဉ်များ၊ မီးသတ်ပစ္စည်းကိရိယာများဖြင့် ဆောင်ရွက်ခဲ့ရာ ပိုးသတ်ဆေးရည် ဂါလန် ၉၀ ၊ ပိုးသတ်ဆေးမှုန့် ၁၈ ကီလိုဂရမ်၊ ရေ ဂါလန် ၆၄၈၀ သုံးစွဲခဲ့ပြီး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်