တပ်မတော်နေ့ဂုဏ်ပြု ဘိုးလင်းပြိုင်ပွဲဆုပေးပွဲကျင်းပ

ရန်ကုန် ၂၇  မတ်

 

(၇၄)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ ဘိုးလင်းအဖွဲ့ချုပ်က   ကျင်းပသည့် ဘိုးလင်းပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက တာမွေမြို့နယ် RIGHT TRACK BOWING စင်တာ၌ ကျင်းပခဲ့သည်။ 

 

33

 

အဆိုပါ ပြိုင်ပွဲတွင် အကြိမ် (၃၀) မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပဏမ ရွေးချယ်ထားသော အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၉ ဦးတို့က တစ်ဦးချင်းပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရှိသူများအား ZIFAM ကုမ္ပဏီမှ ငွေသားဆုများကိုလည်းကောင်း၊ မြန်မာနိုင်ငံ ဘိုးလင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် အမှုဆောင်များက ဆုတံဆိပ်များပေး အပ်ချီးမြှင့်ခဲ့ကြသည်။

 

ယင်းပြိုင်ပွဲသည် အကြိမ် (၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ဒုတိယအကြိမ် ပဏာမလူရွေးချယ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့် ဓာတ်ပုံ- အာကာစိုး