တပ်ကုန်းမြို့၌   (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့  အခမ်းအနားကျင်းပ

တပ်ကုန်း၊      ၁၂      ဖေဖော်ဝါရီ

နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင်  (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တက်ရောက်လာသူများက နိုင်ငံတော် အလံတော်အား အလေးပြုကြပြီး နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၁ ခုနှစ်၊ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား ဖတ်ကြားသည်။

အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

တင်စိုးလွင်