တန့်ယန်းမြို့နယ်တွင် ၂၇၅၉ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အခမ်းအနား ကျင်းပ

တန့်ယန်း  ၂၆  ဒီဇင်ဘာ 

           

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကရင်တိုင်းရင်းသား လူမျိုးတို့၏ ၂၇၅၉ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက အမှတ်(၅)ရပ်ကွက်ရှိ ကရင်တိုင်းရင်းသား ယဉ်ကျေးမှုခန်းမ၌ ကျင်းပသည်။

 

အခမ်းနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကရင်အမျိုးသား အလံတို့အား အလေးပြုကာ ကရင်အမျိုးသားသီချင်းကို သီဆိုကြပြီး ကရင်အမျိုးသား နှစ်သစ်ကူးအကြောင်းကို ဆရာမ တယ်ရီထွန်းက ရှင်းလင်းတင်ပြသည်။

 

mdn

           

ဆက်လက်၍ ကရင်ရိုးရာ ယဉ်ကျေးမှုအကြောင်းကို မဇာဇာအေးမှ လည်းကောင်း၊ ကရင်အမျိုးသီချင်းနှင့် အလံအကြောင်းကို နော်တာမလာကပေါ်သောက လည်းကောင်း ရှင်းလင်းတင်ပြကြကာ ကရင်လူငယ်များက တေးသီများဖြင့် သီဆိုဧည့်ခံသည်။ ယင်းနောက် ဆရာမ ဒေါ်နော်ရှီလူက ကျေးဇူတင်စကား ပြောကြား၍ သက်ကြီးအဖိုးအဖွားများအား ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။ 

      

မင်းလွင်ဦး(ပြန်/ဆက်)