ထားဝယ် မေ ၂၁
၂၀၂၆-၂၀၂၇ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ်ကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ဖွင့်လှစ်သည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၏ ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး “တို့ကလေးများ နောင်ရေးစိတ်အေးဖို့ စာသင်ကျောင်းမှာအပ်ကြစို့” နှိုးဆော်လွှာ အသိပညာပေးလက်ကမ်းစာစောင်ကို ဖြန့်ဝေပေးသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


