တန်ဇန်းနီးယားနိုင်ငံ မူလတန်းကျောင်း မီးလောင်မှုကြောင့် ကျောင်းသူသုံးဦးသေဆုံး

နိုဝင်ဘာ ၂၅

တန်ဇန်းနီးယားနိုင်ငံ မြောက်ပိုင်း ရှန်ယန်ဂါဒေသတွင် နိုဝင်ဘာ ၂၃ ရက်ညပိုင်းက  ဘူဟန်ဂီဂျာမူလတန်းကျောင်းရှိ မီးလောင်မှုဖြစ်ပွားသဖြင့် ကျောင်းသူသုံးဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့ကပြောကြားသည်။

ရှန်ယန်ဂါဒေသန္တရရဲတပ်ဖွဲ့အကြီးအကဲ ဂျာနိမာဂိုမိက ထိုမူလတန်းကျောင်းရှိ အိပ်ဆောင်တစ်ခုတွင်မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါမီးလောင်မှုသည် ကျောင်းသူလေးများအိပ်ပျော်နေချိန် ည ၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၀ ခုနှစ် စက်တင်ဘာလက တန်ဇန်းနီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကာဂီရာဒေသရှိ မူလတန်းကျောင်း အိပ်ဆောင်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် စာသင်သား ၁၁ ဦး သေဆုံးခဲ့ပြီး အခြား ခုနစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို