တနိုင်း၊ ၂၁ ဒီဇင်ဘာ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက်၊မြို့ပတ်လမ်းတွင် ပြောင်းရွှေ့ နေထိုင်သည့် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၂၆)စုအား ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် စားနပ်ရိက္ခာ(၁)လစာ ထောက်ပံ့ပေးအပ်ပွဲကို ဒီဇင်ဘာ(၂၁ )ရက် နံနက်(၁၀)နာရီခွဲ က ကင်ဆားရာ ရပ်ကွက်၊ မြို့ပတ်လမ်းရှိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက်၊ မြို့ပတ်လမ်းတွင် ပြောင်းရွှေ့နေထိုင်သည့် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၂၆)စုအား ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် စားနပ်ရိက္ခာ(၁)လစာအား တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဆင့် လွှဲပြောင်းပေးအပ်ခဲ့သည်။
အခမ်းအနားတွင် နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ မြို့နယ်အဆင့်ကော်မတီ ဥက္ကဌ(မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးကျော်လွင်မှ အဖွင့်အမှာစကားပြောကြားပြီး ဥက္ကဌနှင့်ကော်မတီဝင်များမှ ကချင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် စားနပ်ရိက္ခာ (၁)လစာ ဆန်(၄၀)အိတ်၊ (၇)ပြည်၊(၄)ဗူး၊ ဆီ(၅၂)ပိဿာ၊ ဆား(၂၆)ပိဿာ၊ ပဲ(၅၂)ပိဿာတို့အား ပြောင်းရွှေ့အိမ်ထောင်စု (၂၆)စုသို့ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထောက်ပံ့ပေးအပ်ပွဲသို့ နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ မြို့နယ်အဆင့်ကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တိုက်ပွဲရှောင်ပြည်သူများ စုစုပေါင်း(၃၀) တက်ရောက်ခဲ့ကြကြောင်းနှင့် အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာနက ချမှတ်ထားတဲ့စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)


