တွံ​တေးမြို့နယ်နေ ပြည်သူများအား တန်ဖိုးသင့် ဆန်၊ ဆီ၊ ကြက်ဥနှင့် အသားများ ရောင်းချပေးလျက်ရှိ

တွံတေး                                    စက်တင်ဘာ                 ၂၈

 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တို့၏ ဦးဆောင်မှုဖြင့် တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက အုန်းပင်စုရပ်ကွက်၊ ရွှေဆံတော်ဘုရားလမ်းမကြီးပေါ်ရှိ အထက() ကျောင်းရှေ့တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့် ဆီ၊ ကြက်ဥ၊ အသား

များကို ဈေးနှုန်းသင့်တင့်စွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ရောင်းချပေးရာတွင် ဆန်ကြမ်း တစ်ပြည်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ငါးပြည်အိတ် တစ်အိတ်ကို ငွေကျပ် ၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ပေါ်ဆန်း တစ်ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် ငါးပြည်အိတ် တစ်အိတ်ကို ငွေကျပ် ၈၅၀၀ နှုန်းဖြင့်လည်းကောင်း၊ ဆီ ၆၀ သား တစ်ဘူးကို ငွေကျပ် ၁၈၅၀ ဖြင့် လည်းကောင်း၊ ကြက်ဥ ၁၀ လုံးတစ်ကတ်ကို ၁၁၀၀ကျပ်၊ ဆိတ်သား တစ်​​ပိသာကို ၁၅၀၀၀ ကျပ်၊ အမဲသား တစ်ပိသာကို ၁၂၀၀၀ကျပ်ဖြင့် ရွေ့လျားစျေးကား (Mobile Market) ဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မျိုးလှိုင်(တွံတေး)