တမူးခရိုင်၊ မြို့သစ်မြို့၌ ပြစ်ဒဏ်လွမ်းငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၃၃၇ ဦးလွတ်မြောက်

မြို့သစ်၊    ၁၂ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့ရှိ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံ နေရသော အကျဉ်းသားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ဖေဖော်ဝါရီ ၁၂ ရက်က လွတ်ငြိမ်းခွင့်ပြုခဲ့ရာ မြို့သစ်မြို့ အကျဉ်းစခန်းမှ  ၁၀၆ ဦး၊ ဗန္ဓုလ အကျဉ်းစခန်းမှ ၉၁ ဦး၊ သနန်အကျဉ်းစခန်းမှ ၁၀၂ ဦး၊ အုတ်ဖိုကန်ဘောင်(ဝက်ရှု) အကျဉ်းစခန်းမှ ၃၈ ဦး စုစုပေါင်း ၃၃၇ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ထွန်းမင်းအောင်(ကဘော်မြေ)