တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို နိုင်ငံခြားစာစစ်ဌာနများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ဖြေဆိုသူပေါင်း ၉၁၀၂၇၄ ရှိ

နေပြည်တော် ၁၁ မတ် 

 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို ယနေ့တွင် စတင်ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၁၅ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၉၈၄ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၉၉၉ ခုတွင် ဖြေဆိုသူပေါင်း ၉၁၀၂၇၄ ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်တွင် ဖြေဆိုသူပေါင်း ၉၁၀၂၇၄ အနက် တစ်နိုင်ငံလုံး၌ ဆေးရုံဖြေဆိုသူ ၄၅ ဦး၊ အမြင်အာရုံ မသန်စွမ်းဖြေဆိုသူ ၃၀၊ အကြားအာရုံ မသန်စွမ်းဖြေဆိုသူ ၂၄ ဦး၊ ကိုယ်အင်္ဂါ မသန်စွမ်းဖြေဆိုသူ ၁၃၄ ဦး၊ အကျဉ်းထောင်များတွင် ဝင်ရောက်ဖြေဆိုသူ ၁၈၈ ဦးနှင့် ကရင်ပြည်နယ် မြဝတီမှ ဝင်ရောက်ဖြေဆိုသူ ၁၃၄ ဦးရှိကြောင်း သိရသည်။ 

 

သတင်းစဉ်