တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို နိုင်ငံခြားစာစစ်ဌာနများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ဖြေဆိုသူပေါင်း ၉၀၉၅၃၉ ဦးရှိ

နေပြည်တော် ၁၂ မတ်

 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့တွင် ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၁၅ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၉၈၄ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၉၉၉ ခုတွင် ဖြေဆိုသူပေါင်း ၉၀၉၅၃၉ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်တွင် ဖြေဆိုသူပေါင်း ၉၀၉၅၃၉ ဦးအနက် တစ်နိုင်ငံလုံး၌ ဆေးရုံဖြေဆိုသူ ၁၀၅ ဦး၊ အမြင်အာရုံ မသန်စွမ်းဖြေဆိုသူ ၃၀၊ အကြားအာရုံ မသန်စွမ်းဖြေဆိုသူ ၂၂ ဦး၊ ကိုယ်အင်္ဂါမသန်စွမ်းဖြေဆိုသူ ၁၇၀၊ အကျဉ်းထောင်များတွင် ဝင်ရောက်ဖြေဆိုသူ ၁၈၉ ဦးနှင့် ကရင်ပြည်နယ် မြဝတီမှ ဝင်ရောက်ဖြေဆိုသူ ၁၂၅ ဦးရှိကြောင်း သိရသည်။

 

သတင်းစဉ်