တိုယိုတာကားကုမ္ပဏီက လျှပ်စစ်ကားများကို ထိုင်းနိုင်ငံဈေးကွက်တွင် ဖြန့်ဖြူးရောင်းချမည်

 

တိုကျို နိုဝင်ဘာ ၁၁

 

ဂျပန်နိုင်ငံမှ တိုယိုတာကား ကုမ္ပဏီက လျှပ်စစ်ကားများကို ထိုင်းနိုင်ငံဈေးကွက်တွင် ဖြန့်ဖြူးရောင်းချရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

 

 ယခု တိုယိုတာကားကုမ္ပဏီက ထိုင်းနိုင်ငံတွင် ဖြန့်ဖြူးရောင်းချမည့်ကားအမျိုးအစားသည် ဂျပန်နိုင်ငံတွင်ထုတ်လုပ်ပြီး လမ်းကြမ်းတွင် မောင်းနှင်နိုင်သည့် Sport Utility Vehicle (SUV) အမျိုးအစား လျှပ်စစ်ကားဖြစ်ကြောင်း သိရသည်။

 

 ယင်းလျှပ်စစ်ကားသည် ဈေးနှုန်းအနေဖြင့် ဘတ်ငွေ ၁ ဒသမ ၈ သန်းကျော် ကျသင့်မည်ဖြစ်ကာ ရေအောက်အနက် စင်တီမီတာ ၃၀ အထိသွားလာ မောင်းနှင်နိုင်သည့်အတွက် ရေလွှမ်းမိုးမှုများ ဖြစ်ပွားလေ့ရှိသည့် ထိုင်းနိုင်ငံအတွက် သင့်တော်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၌ တိုယိုတာကားကုမ္ပဏီ၏ ဈေးကွက်ရရှိမှုမှာ ၃၀ ရာခိုင်နှုန်းရှိသောကြောင့် လျှပ်စစ်ကားများကို ထပ်မံထုတ်လုပ်ရောင်းချရေးအတွက် တိုယိုတာက ပြင်ဆင်ဆောင်ရွက်နေကြောင်းသိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ