တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပ

နေပြည်တော် ဇူလိုင် ၂၇

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၃ ခုနှစ် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang  နော်တောင်နှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင် တို့က ငါးလုပ်ငန်းဦးစီးဌာနက ပံ့ပိုးသည့် ငါးသားပေါက်များကို ဝန်ကြီးဌာနရှိ တစ်ဖက်ပိတ်ဆည်အတွင်းသို့ ဦးစွာစိုက်ထည့်ပေးကြပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများက ငါးမျိုးများကို ဆက်လက် စိုက်ထည့်ပေးကြသည်။

ယနေ့ကျင်းပသည့် ငါးမျိုးစိုက်ထည့်ပွဲတွင် ငါးသားပေါက်ကောင်ရေ စုစုပေါင်း (၇၀၀၀) စိုက်ထည့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်