တိုင်ဖွန်းမုန်တိုင်း ဟိုင်ရှန်ကြောင့် လူပေါင်း ၁ ဒသမ ၆ သန်းကျော် ဘေးလွတ်ရာ ရွေ့ပြောင်း

၇ စက်တင်ဘာ

 

 

ဂျပန်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း ဟိုင်ရှန်ကြောင့် တနင်္လာနေ့တွင် စတင်ပြေးဆွဲမည့် ပြည်တွင်း ခရီးစဉ် ၅၇၉ ခုကို ဖျက်သိမ်းခဲ့သည်။

 

 

ပျံသန်းမည့် ခရီးစဉ် အများစုမှာ  ဂျပန်အနောက်ပိုင်း ကျူရှူး၊ ရှီကိုကုနှင့် ချူကိုကု ဒေသများရှိ လေဆိပ်များမှ ထွက်ခွာရန်ဖြစ်သည်။

 

 

ယနေ့ဖျက်သိမ်းမည့် လေယာဉ် ခရီးစဉ်များထဲတွင် ဂျပန်လေကြောင်းလိုင်းမှ လေယာဉ် ခရီးစဉ် နှစ်ခုလည်း ပါဝင်သည်။

 

 

ခရီးသွားများအတွက် လေကြောင်း ဝက်ဆိုဒ်မှ နောက်ဆုံးရ သတင်းများကို ထုတ်ပြန်လျက်ရှိသဖြင့် သတင်းအချက်အလက်များကို စစ်ဆေးပေးကြပါရန် ခရီးသွားများအား အဆိုပါ လေကြောင်းလိုင်းများက ပန်ကြားလျက် ရှိသည်။

 

 

တိုင်ဖွန်းမုန်တိုင်း ဟိုင်ရှန် ဒေသတွင်း ဝင်ရောက်တိုက်ခတ်မည်ဖြစ်သဖြင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း စီရင်စု ခြောက်ခုရှိ လူပေါင်း ၁ဒသမ ၆ သန်းကျော်ကို ဘေးကင်းရာသို့ ချက်ချင်း ပြောင်းရွေ့ရန် အမိန့်ပေးခဲ့သည်။

 

 

စီရင်စု ၁၁ ခုရှိ  လူပေါင်း ခြောက်သန်း နီးပါးကို ချက်ချင်းပြောင်းရွေ့ရန် အကြံပေးချက်များ ထုတ်ပြန်ခဲ့သည်။

 

 

တနင်္လာနေ့ နံနက် ၄ နာရီ အချိန်တွင် ကျူရှူးဒေသရှိ အိမ်ခြေပေါင်း ၄၆၄၀၀၀ မှာ လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ကြောင်း  ကျူရှူး လျှပ်စစ်စွမ်းအား ကုမ္ပဏီက ပြောကြားခဲ့သည်။

 

 

မုန်တိုင်းတိုက်ခတ်ပြီးသည်နှင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ရရှိအောင် ဆောင်ရွက်ပေး မည်ဖြစ်ပြီး ဒေသခံများအား လျှပ်စစ်ဓာတ်တိုင်များနှင့် ဝေးဝေးနေကြရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်