တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော် ၂၃  မတ်    


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ယနေ့ နံနက် ၇ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ရှမ်းပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ ရှမ်းပြည်နယ်အသင်းမှ ကယားပြည်နယ်အသင်းအား သုံးဂိုး၊ ဂိုးမရှိဖြင့် လည်းကောင်း၊ ညနေ ၄ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ တစ်ဖက်နှစ်ဂိုးစီ သရေဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(၃)၌  ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ နေပြည်တော်အသင်းအား ရှစ်ဂိုး၊ ဂိုးမရှိဖြင့် လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

 

1


အုပ်စုပြိုင်ပွဲများအဖြစ် မတ် ၂၄ ရက် နံနက် ၇ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(၁)၌ ကရင်ပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့သည် လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့သည် လည်းကောင်း၊ ညနေ ၄ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁)၌ မကွေးတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့သည် လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ မွန်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့သည် လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

 

1


အဆိုပါ ပြိုင်ပွဲများကို အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း လူထုအားကစားနှင့် ပညာပေးဌာနခွဲမှ သိရသည်။


MDN

 

1