တိုကျိုတွင် ကိုဗစ်-၁၉ ရောဂါထပ်မံ ကူးစက်ခံရသူ ၂၂၄ ဦး တွေ့ရှိ

၉ ဇူလိုင်

 

 

ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင် ဇူလိုင် ၉ ရက်နေ့က ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူ ၂၂၄ ဦး ရှိသည်ဟု တိုကျိုမြို့တော် အစိုးရက ဆိုသည်။

 

 

တိုကျိုမြို့တော် ကိုဗစ်-၁၉ ရောဂါ နေ့စဉ် ကူးစက်မှုတွင် ကူးစက်မှု အမြင့်ဆုံး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

 

ယခင်က နေ့စဉ်ကူးစက်မှု အမြင့်ဆုံး ဖြစ်ခဲ့သည့် ဧပြီ ၁၇ ရက်နေ့က အတည်ပြု ကူးစက်မှု ၂၀၆ ရှိခဲ့သည်။

 

 

မြို့တော်တွင် ခုနစ်ရက်အတွင်း ပထမဆုံး အကြိမ်အဖြစ် ဇူလိုင် ၈ ရက်နေ့တွင် ထပ်မံကူးစက်ခံရသူ အရေအတွက် ဦးရေ ၁၀ဝ အောက် ကျဆင်းခဲ့သည်။

 

 

တိုကျိုမြို့တော်တွင် ရောဂါကူးစက် ခံရသူ စုစုပေါင်း ၇၂၇၂ ဦး ရှိသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို