တိုကျို အိုလံပစ် ပြိုင်ပွဲကို ကျင်းပသွားမယ်လို့ IOC ပြော

၇ စက်တင်ဘာ

 

 

ဂျပန်နိုင်ငံမှာ ကျင်းပမယ့် တိုကျိုအိုလံပစ် ၂၀၂၀ ဟာ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါပိုး ကမ္ဘာတစ်ဝန်းမှာ ကူးစက်နေတာကြောင့် လာမယ့်နှစ်ကို ရွှေ့ဆိုင်းထားခဲ့ပါတယ်။ လာမယ့်နှစ်မှာ အိုလံပစ် ပြိုင်ပွဲကို အကြောင်းပြချက်မရှိ ကျင်းပသွားမယ်လို့ နိုင်ငံတကာ အိုလံပစ် ကော်မတီ (IOC) က ဒီနေ့(တနင်္လာနေ့)မှာ ပြောကြားလိုက်ပါတယ်။

 

a1

 

 

 

တိုကျို အိုလံပစ် ပြိုင်ပွဲကို ၂၀၂၁ ဇူလိုင်အထိ တစ်နှစ်တိတိ ရွှေ့ဆိုင်းထားရာ သတ်မှတ်ရက်မှာ ကပ်ရောဂါပိုး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျင်းပသွားမယ်။ အားကစားပွဲ ပြိုင်ပွဲတွေက ကိုရိုနာ ဗိုင်းရပ်စ်ပိုး အနိုင်ယူသွားမယ်လို့ နိုင်ငံတကာ အိုလံပစ် ကော်မတီရဲ့ ဉက္ကဋ္ဌ ဂျွန်ကုတ်တီးစ်က ပြောကြားပါတယ်။

 

 

တချို့နိုင်ငံတွေမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်ပြီး တချို့နိုင်ငံတွေမှာတော့ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်နေဆဲ ဖြစ်မယ်။ ဒါကြောင့် တချို့နိုင်ငံတွေကနေ အားကစားသမားတွေ လာရောက်နိုင်ပေမယ့် တချို့နိုင်ငံတွေ ပါဝင်နိုင်ခြင်း မရှိတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ အားကစား အဖွဲ့ပေါင်း ၂၀၆ ဖွဲ့ပါဝင်ရာ အများစုဟာ ဂျပန်နိုင်ငံက ပါဝင်မှာဖြစ်တယ်လို့ ကုတ်တီးစ်က ပြောကြားပါတယ်။

 

 

ဂျပန်နိုင်ငံက လာရောက် လည်ပတ်မယ့် နိုင်ငံခြားသားတွေအတွက် နယ်စပ်ဂိတ်တွေကို ပိတ်ထားဆဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးဟာ လအနည်းအငယ်အတွင်း သို့မဟုတ် နှစ်အတန်ကြာတဲ့ အချိန်မှာ ရရှိနိုင်တဲ့အတွက် ပြိုင်ပွဲတွေ လုပ်ဆောင်သွားနိုင်မှာလို့ ဖြစ်ပါတယ်။

 

 

တိုကျိုအိုလံပစ် ၂၀၂၀ ကို ၂၀၂၁ ခုနှစ် ဇူလိုင် ၂၃ ရက်မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။

 

 

MDN

ကိုးကား - AFP