ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဖေဖော်ဝါရီ ၂၁ ရက်ညပိုင်းက ဖရန့်ဖက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ယခုဘောလုံးရာသီမှာ ဘွန်ဒက်လီဂါသွင်းဂိုး ၂၈ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဖရန့်ဖက်အသင်းတို့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ၁၆ မိနစ်မှာ ပါဗလိုဗစ် က တစ်ဂိုး၊ မိနစ် ၂၀ နဲ့ ၆၈ မိနစ်မှာ တိုက်စစ်မှူး ဟယ်ရီကိန်းက နှစ်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဖရန့်ဖက်အသင်းတို့ပွဲစဉ် မတိုင်မီကတည်းက ကစားသမားဘဝ သမိုင်းတစ်လျှောက် သွင်ဂိုးစုစုပေါင်း ၅၀၀ ပြည့်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဖရန့်ဖက်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ဒုတိယနေရာက ဒေါ့မွန်အသင်းကို ရှစ်မှတ်ဖြတ်ကာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။
ငွေကြယ်


