တီးတိန်၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေး နွေးပွဲပြုလုပ်

တီးတိန်   ၊ ၂၀    ဇန်နဝါရီ      

 

ချင်းပြည်နယ်၊တီးတိန်မြို့နယ်ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းပြီး မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ဇန်နဝါရီ ၂၀ ရက် နံနက် ၁၀ နာရီက တီးတိန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။

 

ရှေးဦးစွာ တီးတိန်မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဒိုင်းခန့်ဒိမ့်က လူမှုဝန်ထမ်းဦးစီးဌာနမှ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုများကို မေးမြန်းဆွေးနွေးရာ တီးတိန်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက မသန်စွမ်းသူများ၏ အခွင့်အရေးများ၊မသန်စွမ်းသူနှင့် မသန်စွမ်းမှုများ၊ မသန်စွမ်း အမျိုးအစားတွင် ကိုယ်အင်္ဂါမသန်စွမ်း၊ အမြင်အာရုံ မသန်စွမ်း ၊အကြားအာရုံမသန်စွမ်း၊ ဉာဏ်ရည် မသန်စွမ်း ဟူ၍ (၄)မျိုးရှိကြောင်း၊မသန်စွမ်း ဥပဒေ၊နည်းဥပဒေ ပြဌာန်းချက်များ၊ မသန်စွမ်းသူများ ဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်မှ ပြဌာန်းချက်များနှင့် ၄င်းတို့ဌာနမှ မသန်စွမ်းကျောင်းများ ဖွင့်လှစ်ပြီး အသိပညာပေး လုပ်ငန်းဆောင်ရွက်မှုများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ပေါင်ကျင့်မုန်(ပြန်/ဆက်)