တီကျစ်‌ဈေး၌ ဈေးရောင်း၊ ဈေးဝယ်များကို RDT ဖြင့် အခမဲ့စစ်ဆေးရာ (၁၂) ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

နောင်တရား အောက်တိုဘာ ၂၉

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်‌ဈေး၌ ဈေးရောင်း၊ ဈေးဝယ်များကို RDT ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ  အခမဲ့စစ်ဆေးပေးသည်။

 

တီကျစ်ဈေး၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် ဈေးရောင်း၊ ဈေးဝယ်များကို RDT ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခံပြီးမှသာ ဈေးရောင်း၊ ဈေးဝယ်ခွင့် ပြုပေးလျက်ရှိသည်။ RDT ဖြင့် ဈေးရောင်း၊ ဈေးဝယ် ၁၆၀ ကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ (၁၂) ဦး ရောဂါပိုးတွေ့ရှိသည်။ တီကျစ်ဈေးကို ငါးရက်တစ်ကြိမ် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဈေးသည်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးထားပြီး ဖြစ်သည်။ အဆိုပါ ရောဂါထိန်းချုပ်ခြင်းလုပ်ငန်းကို ကျန်းမာရေးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

ခွန်အောင်(နောင်တရား)

 

mdn