တေလာဆွစ်ကို ရုပ်ရှင်သစ်တွင် တွေ့မြင်ရမည်

mdn

ဇွန် ၃

 

ကျော်ကြားတဲ့ အမေရိကန်ပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်သူ တေလာဆွစ်ကို မကြာမီမှာ ရုပ်ရှင်ပိတ်ကားထက်ဝယ်တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ တေလာဆွစ်ဟာ ဒေးဗစ်အိုရက်ဆဲလ်ရဲ့ ရုပ်ရှင်သစ်မှာ ဧည့်သည် သရုပ်ဆောင်တစ်ဦးအဖြစ် ပါဝင်ထားကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

အဆိုပါ ရုပ်ရှင်ဟာ လတ်တလောမှာ ထုတ်လုပ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ်။ ယင်းရုပ်ရှင်မှာ အဓိက ဇာတ်ဆောင်တွေအဖြစ် နာမည်ကျော် သရုပ်ဆောင်တွေဖြစ်ကြတဲ့ မာဂေါ့ရော်ဘီ၊ ခရစ်စတင်ဘဲလ်နဲ့ ဂျွန်ဒေးဗစ်ဝါရှင်တန်တို့ ပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ တေလာဆွစ်ကတော့ အဆိုပါ ရုပ်ရှင်မှာ ကျော်ကြားတဲ့အနုပညာရှင်တစ်ဦးအဖြစ် ပါဝင်အားဖြည့်ထား တာလည်း ဖြစ်ပါတယ်။ တေလာဆွစ်နဲ့အတူအခြားသော ကျော်ကြားတဲ့ အနုပညာရှင်များလည်း အဆိုပါရုပ်ရှင်မှာ ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

အဆိုပါရုပ်ရှင်ဟာ ဂရမ်မီဆုများရှင် တေလာဆွစ်ရဲ့ ဒုတိယမြောက် ရုပ်ရှင်လည်း ဖြစ်လာမှာပါ။ တေလာဆွစ်ရဲ့ ပွဲဦးထွက်ရုပ်ရှင်ကတော့ Cats ဖြစ်ပြီး အဆိုပါရုပ်ရှင်ဟာ တေးဂီတရုပ်ရှင်အမျိုးအစားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တေလာဆွစ်ဟာ အခြားသော ရုပ်သံအစီအစဉ် တွေနဲ့ မှတ်တမ်းရုပ်ရှင်တွေမှာလည်း ပါဝင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

 

အေးပြည့်