တောင်တွင်းကြီးမြို့နယ်၌ ပဲတီစိမ်းအထွက်နှုန်းကောင်းပြီး စျေးကောင်းရ

တောင်တွင်းကြီး နိုဝင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် အခြေခံစိုက်ပျိုးသီးနှံဖြစ်သည့် ဆန်စပါး၊ စျေးကွက်ဝင် အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ကုလားပဲ၊ ကြံ၊ ပဲကြီး၊ ပဲစဥ်းငုံ၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဟင်းသီးဟင်းရွက် စသည့် စိုက်ပျိုးသီးနှံများအပြင် ယခုအခါတွင် စျေးကောင်းရရှိသော ပဲတီစိမ်းများကို စိုက်ပျိုးလာကြသည်။

တောင်တွင်းကြီးမြို့နယ်တွင် စျေးကွက်ဝင်ပဲတီစိမ်း ၁၇၇၉၆ ဧက စိုက်ပျိုးထားရှိပြီး တစ်ဧကလျှင် တင်း ၂၀ အထိ ထွက်ရှိကြောင်းနှင့် ပဲတီစိမ်းတစ်တင်းလျှင် ငွေကျပ် ၅၆၀၀၀ ရောင်းချရသဖြင့် တောင်သူများ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။ 

မြို့နယ်(ပြန်/ဆက်)